မြန်မာ ယူနီကုဒ် လက်ကွက် ကျင့်စဉ် - Whizzo Typing Tutor
ဇော်ဂျီကနေမြန်မာယူနီကုဒ် ပြောင်းသုံးရာမှာအဓိက အခက်အခဲဖြစ်နေကြတဲ့ စာရိုက်နည်း၊ စကားလုံးတစ်ချိူ့ နေရာလွဲသွားလို့ရှာပြီး ရိုက်နေရခြင်းတို့ကို အချိန်တိုအတွင်း မြန်မာယူနီကုဒ် စာရိုက်စနစ်နဲ့ လက်ကွက်ကျင့်သားရအောင် ဒီဆော့လ်ဝဲက အထောက်အကူပြုပေးမှာ ဖြစ်ပါတယ်။ ဒီဆော့လ်ဝဲလေးထဲမှာ လေ့ကျင့်ခန်းပေါင်း (၅၆) ခန်းပါဝင်ပြီး စာရိုက်စနစ် လက်ကွက်ကိုတော့ မြန်စံလက်ကွက်ကို အသုံးပြုထားပါတယ်။ ဇော်ဂျီမှာလို သဝေထိုးကို ရှေ့ကရိုက်လို့ရပေမယ့် ရရစ်ကိုတော့ ဇော်ဂျီမှာလို အရင်မရိုက်ရတော့ဘဲ နောက်မှရိုက်ရပါမယ်။ ဆော့လ်ဝဲထဲမှာ တစ်မိနစ်ကို ဘယ်နှစ်လုံး ရိုက်နိုင်သလဲနှင့် မှားရိုက်တာဘယ်နှစ်ခါလဲ ဆိုတာကိုပါ တစ်ခါတည်း ဖော်ပြပေးထားပါတယ်။
ဆော့လ်ဝဲဖန်တီးသူ −Whizzo Programming School