Keyman ထည့်သွင်းနည်း အသုံးပြုနည်း

www.unicode.today Home Page တွင်ပေးထားသော One-Click installer တွင် Font + Keyman ၂ မျိုးစလုံးပါဝင်ပါတယ်။
အကယ်၍ ဖောင့်ကိုသာ ရယူလိုပါက “ ဖောင့်” menu ကတဆင့် ရယူနိုင်ပါတယ်။
ထို့အတူ ဖောင့်ရှိပြီးသားဖြစ်၍ Keyman သာရယူလိုပါက “ ကီးဘုတ်” menu မှတဆင့် ရယူနိုင်ပါတယ်။

(က) One-Click installer (သို့) Keyman ထည့်သွင်းနည်း

၁။ Download ရယူထားသော exe ဖိုင်ကို ၂-ချက်နှိပ်ပါ။
၂။ Install Keyman Desktop 11.0 ကိုနှိပ်ပြီးသွင်းရပါမယ်။


၃။ နောက်ဆုံးအဆင့်တွင် ဒီလိုပြပါလိမ့်မယ်၊ “ Start Keyman” ကိုနှိပ်ပါ။

၄။ ဒါဆိုရင် Task bar ပေါ်မှာ Keyman ပုံမြင်တွေ့ရမှာဖြစ်ပါတယ်။

(ခ) စတင်အသုံးပြုနည်း (Windows 10)

၁။ Keybaord language နေရာတွင် Click (or) Windows + Space နှိပ်ကြည့်ခြင်းဖြင့် Pyidaungsu MM လက်ကွက်ကို ပုံပါအတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်။

၂။ မိမိအသုံးပြုသော Microsoft Word ဖိုင်ကိုဖွင့်ပြီး Pyidaungsu MM လက်ကွက်ကိုသော်လည်းကောင်း English လက်ကွက်ကိုသော်လည်းကောင်း Click (or) Windows + Space နှိပ်၍ စာရိုက်နိုင်ပါတယ်။ မှတ်ချက်၊ လက်ကွက် ၂ မျိုးထက်ပိုရှိနေပါက Pyidaungsu MM အစိမ်းရောင်လက်ကွက်ကို ရရှိသည်အထိ Click (or) Windows + Space နှိပ်ပေးရပါမယ်။

(ဂ) On Screen လက်ကွက်ကြည့်ရန်

၁။ Pyidaungsu MM ရွေးထားပြီး Task bar ပေါ်ရှိ Keyman ကို R+Click လုပ်ပါ။

၂။ On Screen Keyboard ကိုရွေးလျှင် လက်ကွက်ဇယား မြင်ရမည်ဖြစ်ပါတယ်
၃။ Mouse Click နှိပ်ကာ အသုံးပြုနိုင်ပါတယ်။ “ မြန်” “ EN” ရွေးကာ အသုံးပြုနိုင်ပါတယ်။

(ဃ) စာရိုက်နည်းကြည့်ရန်

၁။ Task bar ပေါ်ရှိ Pyidaungsu MM ကို R+Click လုပ်၍ “ ? Help” ကိုရွေးပါ။
၂။ Help on “ Pyidaungsu MM” keyboard ကိုနှိပ်ပါက စာရိုက်နည်းများကို ပြသပေးပါလိမ့်မည်ဖြစ်ပါတယ်။