Android တွင် Gboard နှင့် tt keyboard သွင်းနည်း/ စာရေးနည်း

Android ဖုန်းတွေမှာ မြန်မာယူနီကုဒ်လက်ကွက်ဖြင့် ရေးသားနိုင်သော keybboard အမြောက်အများရှိပါတယ်။ဒီထဲမှာမှ အသုံးများတဲ့ Gboard keyboard နဲ့ tt keyboard တို့ကိုအသုံးပြုပြီး စာရေးသားပုံတို့ကို ရှင်းပြပေးသွားမှာလည်း ဖြစ်ပါတယ်။အရင်ဆုံး Gboard keyboard လင့်ကို အောက်တွင် ဒေါင်းယူလိုက်ပါ။Gboard keyboard ကိုတော့ andriod version အားလုံးမှာ အသုံးပြုနိုင်ပါတယ်။

Gboard – Google Keyboard ရယူရန် PlayStore သို့မဟုတ် apkPure

-ဒေါင်းလို့ရလာတဲ့ Gboard keyboard ကိုနှိပ်ပါ။
-Enable setting ကိုနှိပ်ပြီး Language and input setting ထဲက Gboard ကိုဖွင့်ပါ။
-Select inputmethod မှာ Gboard ဆိုတာကိုရွေးပါ။
-ပြီးရင် languages ထဲက searchbox မှာ burmese လို့ရိုက်ပြီးပေါ်လာတဲ့ burmese ကိုနှိပ်ပါ။ပြီးရင် Add ကိုနှိပ်ပါ။ဒါဆို keyboard ကိုစတင်အသုံးပြုလို့ရပါပြီ။

စာလုံးဆင့်ကို အဝါ‌ရောင်ပြထား‌သော ခလုတ်ဖြင့်ရိုက်ပါတယ်

မေ [ ‌ေ‌ + မ ]
မြေ [ ‌ေ‌ + မ +ြ ]
ကျောင်း [ ေ + က +ျ +ာ + င + ် + း ]
လိမ္မော် [ လ + ိ + မ +္ +‌ေ + မ + ာ + ် ]
အင်္ဂါ [ အ + င + ် + ္ + ဂ + ါ ]
ဥက္ကဋ္ဌ [ ဥ + က + ္ + က + ဋ + ္ + ဌ ]
ဣန္ဒြေ [ ဣ + န + ္ +  ေ + ဒ + ြ ]

ttKeyboard ရယူရန် PlayStore သို့မဟုတ် apkPure

-Get started ကိုနှိပ်ပါ။
-Enable in setting ကိုနှိပ်ပါ။
-Language and input setting ထဲက TTKeyboard ကိုဖွင့်ပါ။
-Switch input methods ကိုနှိပ်ပါ။
-TTKeyboard ကိုရွေးပါ။
-Configure additional settings ကိုနှိပ်ပြီး Myanmar(Myansan) ဆိုတာကိုအမှန်ခြစ်ပေးပါ။Myanmar (Zawgyi) ကိုတော့အမှန်ခြစ်ဖြုတ်ပေးပါ။
-Finished ကိုနှိပ်ပါ။ဒါဆို keyboard ကိုစတင် အသုံးပြုလို့ရပါပြီ။

tt keyboardမှာလည်း သဝေထိုးကို အရင်ရိုက်ရပါတယ်။Emojiလေးတွေလည်း အစုံပါဝင်ပါတယ်။tt keyboard မှာလက်ကွက်(၅)မျိုး ပါဝင်ပါတယ်။၎င်းတို့က
• English (UK)
• English (US)
• ZawGyi (with Smart ZawGyi)
• MyanSan
• UniZG (Unicode keyboard but can type just like ZawGyi) တို့ပဲဖြစ်ပါတယ်။
အောက်မှာ စာရိုက်နည်းတစ်ချို့ကို ဗွီဒီယိုနမူနာဖိုင်ဖြင့် ပြသထားပါတယ်။

စာလုံးဆင့်ကို အဝါ‌ရောင်ပြထား‌သော ခလုတ်ဖြင့်ရိုက်ပါတယ်

ဂုဏဝုဍ္ဎိ [ ဂ + ု + ဏ + ဝ + ု + ဍ + ္ + ဎ + ိ ]
သဏ္ဌာန် [ သ + ဏ + ္ + ဌ + ာ + န + ် ]
ဘဏ္ဍာ [ဘ + ဏ + ္ + ဍ + ာ ]
ပုဏ္ဏေးမ [ ပ + ု + ေ + ဏ + ္ + ဏ + း + မ ]